• သစ်တောပြုန်းတီးမှု

    ကရင်နီဒေသက သစ်တွေကို တရားမ၀င်ခိုးထုတ်တဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ နယ်ခြားဂိတ်ကို အရင်အပတ်ထဲမှာ ထိုင်းနဲ့မြန်မာနှစ်ဖက် တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။ ၁၉၉၅ ခုနှစ် ကရင်နီတပ်မတော် ယာယီ အပစ်ရပ်ချိန်ကစလို့ ကရင်နီဒေသမှာ သစ်တွေ အများအပြားခုတ်လှဲခဲ့ပါတယ်။ ကရင်နီဒေသ သစ်တောပြုန်းတီးမှုတွေနဲ့ ပတ်သက်လို့ ဒေလီထက်က သတင်းလွှာပေးပို့ထားပါတယ်။
    --- --- ---- ---

    ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ စစ်အစိုးရတို့ အပစ်ခတ် ရပ်စဲရေးလုပ်ခဲ့စဉ် ကာလက ကရင်နီပြည် သံလွင်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျွန်းသစ်တောတွေမှာ ထိုင်းနိုင်ငံက သစ်ကုမ္ပဏီတွေကို ၀င်ရောက်လုပ်ကိုင်ခွင့် ပေးခဲ့တဲ့အတွက် သစ်တောပြုန်းတီးမှုတွေဖြစ်ပေါ်ခဲ့ဖူးပါတယ်။

    ကရင်နီ တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက “၈၈ မှာသူတို့ အစိုးရချင်းကနေပြီးတော့မှ သဘောတူတဲ့ အပေါ်မှာ ရန်သူက ခွင့်ပြုချက်ရတော့ ထိုင်းစစ်ကုမ္ပဏီတွေက အများအပြားပဲ သူတို့ ဝင်ခဲ့တယ်။ အရှေ့ပိုင်း တခုလုံး ဟို့ရှမ်းပြည်ကနေပြီးတော့ တနင်္သာရီ အထိပေါ့ တောက်လျှောက် ကုမ္ပဏီတွေ ၀င်တာပဲလေ”

    ကေအဲန်ပီပီနဲ့ စစ်အစိုးရအကြား သုံးလအတွင်း အပစ်ခတ်ရပ်စဲရေး ပြန်လည်ပျယ်ပြယ်သွားပြီးတဲ့ နောက်ပိုင်း အပစ်ရပ်ထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ကလလတ က ဖွံ့ဖြိုးရေးအတွက်ဆိုပြီး သံလွင်အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသ အချို့ကို တိုးချဲ့လာရာ သစ်လုပ်ငန်းကို တဖန်ပြန်လည် စတင်လာခဲ့ပါတယ်။

    အခုဖွင့်လိုက်တဲ့ နယ်စပ်ဂိတ်ဟာ အဲဒီ သစ်ထုတ်လုပ်ရေး လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ အခုလို နယ်စပ်ဂိတ် ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး ကရင်နီ သတင်းအချက်အလက်များ စုဆောင်း သုတေသန ပြုရေးအဖွဲ့ (KDRG) ပြောရေးဆိုခွင့်ရှိသူ မော်ဖိုးမြာက အခုလိုပြောသွားပါတယ်။

    “သစ်တွေသာ ထပ်ထုတ်လာခဲ့မယ် ဆိုရင် အဓိက အကျိုး အမြတ်ခံစားရမှာက အဓိကက နအဖ စစ်အစိုးရနဲ့ ကုမ္ပဏီတွေ နောက်ပြီးတော့မှ ထိုင်းပေါ့နော် အကျိုး အမြတ်ခံစားရမယ် အဲဒီတော့ ဒီသစ်ထုတ်လုပ်မှုကို သဘောမတူဘူးပေါ့နော် ကန့်ကွက်တယ်”

    ဒေသခံတွေရဲ့ ပြောပြချက်အရ သံလွင်အရှေ့ခြမ်းဒေသတွေမှာ တောတောင် စိမ်းလန်းစိုပြေမှုမရှိတော့ပဲ တောင်ကတုံးတွေဖြစ်ကုန်တယ်။ အရည်အသွေးကောင်းတဲ့ သစ်လုံးကြီးတွေကိုလည်း နိုင်ငံခြားကို တင်ပို့ကြပြီး အရည်အသွေး အသင့်အတင့် အမျိုးအစားတွေကိုတော့ သစ်ခွဲစက်နဲ့ခွဲပြီး ပြင်ပကို ရောင်းကြပါတယ်။

    မော်ဖိုးမြှာက "ထိခိုက်နစ်နာဆုံးက လူထုကိုပဲ ထိခိုက်မှာလေ လူထုလည်း ထိခိုက်မယ် နောက်ပြီးတော့မှ တဖက်ကနေကြည့်မယ်ဆိုရင်လည်း ကျမတို့ ကရင်နီပြည်ရဲ့ environment ကိုအများဆုံး ထိခိုက် မှု ဖြစ်စေနိုင်တယ်ပေါ့"

    သစ်လုပ်ငန်းမှာ စီးပွားရေး ကုမဏီတွေကသာ အကျိုးအမြတ်တွေရနေပြီး သစ်တောတွေကို တားမြစ်နယ်မြေအဖြစ်သတ်မှတ်ထားပြီး ဒေသခံတွေကိုတော့ သစ်ခုတ်ခွင့်တွေ ပိတ်ပင်ထားပါတယ်။

0 comments:

Post a Comment